Aboutus

O-Technique International Myanmar Co.,Ltd ကို May-2019 တွင် O-Technique Co.,Ltd (Japan)၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FDI) တစ်ခုအဖြစ်စတင်တည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီ၏ ရည်မှန်းချက်မှာ - လူတိုင်းဖွံ့ဖြိုးတိုးတက်နိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးရန်၊ ICT နည်းပညာများကို ဆန်းသစ်တီထွင်ပြီး ၎င်းနည်းပညာများကို ကမ္ဘာကြီးသို့ ယူဆောင်လာစေရန်ဖြစ်သည့်အတွက် O-Technique International Myanmar Co.,Ltd သည် မြန်မာနိုင်ငံ၏ဖွံဖြိုးတိုးတက်မှုအတွက် Japan နိုင်ငံနှင့် Myanmar နိုင်ငံအကြား ပေါင်းကူးတံတား တစ်ခုအဖြစ် တည်ရှိသွားမည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

လက်ရှိ ရန်ကုန်မြို့တွင် IT Solution, CAD Solution များလုပ်ကိုင်လျက်ရှိပြီး ထူးချွန်မြန်မာလူငယ်များဖြင့် Japan နိုင်ငံရှိ company များအတွက် Software Product များ၊ CAD Design များရေးဆွဲပေးလျက်ရှိပါသည်။

Human Resource Solution & Training Center ဖွင့်လှစ်ပေးထားပြီး မြန်မာလူငယ်များအတွက် Professional Skill Training နှင့် အလုပ်ကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လည်း စီစဥ်ထားရှိပါသည်။

Aboutus

PHILOSOPHY

အခြေခံအုတ်မြစ်ကို ခိုင်မာစွာတည်ဆောက်ပြီး နည်းပညာကို တိုးတက်စေခြင်းဖြင့် အနာဂတ်ကို တည်ဆောက်မည်ဖြစ်သည်။။

Vision

နည်းပညာသည် လူတိုင်း၏တိုးတက်မှုအတွက်ဖြစ်သည်။

Mission

- လူတိုင်း တိုးတက်စေနိုင်မဲ့ ပတ်၀န်းကျင်ကို ဖော်ဆောင်မည်။
- ICT နည်းပညာတိုးတက်မှုပေါ်မူတည်၍ ကုမ္ပဏီ၏နည်းပညာသည်လည်း အစဥ်ပြောင်းလဲတိုးတက်ရမည်။
- ကျွန်တော်တို့၏နည်းပညာကို ကမ္ဘာအနှံ့သို့ ပြန့်ပွားရန် လုပ်ဆောင်မည်။
Aboutus

Group

O Technique
株式会社オーテクニック
CAD事業ITシステム開発・販売エンジニア人材派遣・紹介仮設レンタル・新品・中古買取販売仮設工事一式

O-Technique Co.,Ltd သည် O-Technique Holding ၏ မိခင်ကုမ္ပဏီဖြစ်ပါသည်။ O-Technique သည် ငြမ်းဆောက်လုပ်ရေးတွင် အထူးပြုပြီး ဂျပန်နိုင်ငံ၏ Central Area (Tokai Area) မှ Aichi စီရင်စု၊ Gifu စီရင်စုနှင့် Mie စီရင်စုတို့တွင် အဓိကလုပ်ကိုင်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူတိုင်း ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်စေမည့် ငြမ်းများကို တည်ဆောက်ပေးလျက်ရှိပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည် အင်ဂျင်နီယာဝန်ထမ်းများ မိတ်ဆက်ခြင်း၊ CAD Solution နှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် cloud-based စီးပွားရေးပံ့ပိုးမှုစနစ်များကဲ့သို့သော ICT မှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်သို့ ဆန်းသစ်တီထွင်မှုယူဆောင်လာရန် ရည်မှန်းချက်ဖြင့်လုပ်ဆောင်နေပါသည်။

Growth Change
グロースチェンジ株式会社
ITシステム開発・販売コンサル事業コンテンツ制作

Growth Change Co., Ltd. သည် စီးပွားရေး လုပ်ငန်းများအတွက် IT System Development and sales နှင့် Content Production များဆောင်ရွက်ပေးနေပါသည်။
Growth Change ခွန်အားမှာ "စိတ်ကူးများကို ပုံဖော်ပေးခြင်း" ဖြစ်ပါသည်။ ကျွန်‌တော်တို့၏ creative approach and solid technical capabilities များဖြင့် client များ၏ visionများကို အကောင်အထည်ဖော်ပေးလျက်ရှိပါသည်။

MeiSei
アイ・シィー・ピー協同組合
外国人材受け入れ(技能実習生、特定技能

ICP Cooperative Association သည် ဆောက်လုပ်ရေးလုပ်ငန်း၏ အနာဂတ်ကို ဖန်တီးလိုသော ထူးချွန်သော ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ဝင်များ၏ အသင်းဝင်အဖွဲ့အစည်းတစ်ခု (Kumiai) ဖြစ်ပါသည်။

ICP Kumiai သည် ဂျပန်နိင်ငံဆောက်လုပ်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားလူ့စွမ်းအားအရင်းအမြစ်များ (နည်းပညာအလုပ်သင်သင်တန်းသား၊ ကျွမ်းကျင်လုပ်သား ) ခေါ်ယူလက်ခံပေးပါသည်။ ထို့အပြင် ဆောက်လုပ်ရေးပစ္စည်းများပူးပေါင်းဝယ်ယူခြင်း၊ ပူးပေါင်းအော်ဒါမှာယူခြင်း၊ စနစ်များကိုကိုင်တွယ်ခြင်းများပူးပေါင်းဆောင်ရွက်နေပါသည်။