Scaffolding Design

ခေတ်မီပြီးနည်းပညာအဆင့်မြင့်သော Customized Scaffold Design များကိုCAD Software အသုံးပြုပြီးရေးဆွဲပေးနေပါသည်။ Professional Design Engineerများ၏ ကျွမ်းကျင်မှုဖြင့် လူနေအိမ်၊ စီးပွားရေးနှင့် စက်မှုဇုန်ပရောဂျက်များ တံတားများအပါအဝင် ဆောက်လုပ်ရေးပရောဂျက်အမျိုးမျိုး၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ပြုပြင်ထိန်းသိမ်းမှုလိုအပ်ချက်များအတွက် Scaffold Design များကိုဂျပန်နိုင်ငံ၏လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစံနှုန်းအတိုင်း အထူးဂရုစိုက်ဆောင်ရွက် ပေးလျက်ရှိပါသည်။

O-Technique International Myanmar Co.,Ltd About
O-Technique International Myanmar Co.,Ltd About

Services

提供サービス

01

Outside Scaffolding

外側足場

အဆောက်အဦးတစ်ခုဆောက်လုပ်ရန်၊ ပြုပြင်မွမ်းမံရန် သို့မဟုတ် ဖြိုဖျက်သည့်အခါတွင် ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် တောင့်တင်းခိုင်မာမှုရှိသော ငြမ်းကိုအသုံးပြုရန်မှာ အလွန်အရေးကြီးပါသည်။ ငြမ်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မှန်ကန်စွာ တပ်ဆင်အသုံးပြုသည့်အခါ လက်တန်းတပ်ဆင်ရုံနဲ့ မလုံလောက်ပါ။ မှန်ကန်တိကျ၍ ဘေးကင်းသောငြမ်းဖြစ်စေရန် Drawing များသည် မရှိမဖြစ်လိုအပ်ပါသည်။
ကျွန်ုပ်တို့၏ ကုမ္ပဏီသည် Scaffolding CAD Design ပုံများကို ဖန်တီးပြီး ငြမ်းများ၏ ကြံ့ခိုင်မှုများကို တွက်ချက်ပေးပါသည်။
Condo များ၊ အဆောက်အဦးများ၊တံတားများအပါအဝင် လူနေရပ်ကွက်များ၏ လူနေအိမ်များ၊ တိုက်ခန်းများ စသည်တို့အတွက်လည်း Scaffold Design များကို ရေးဆွဲပေးလျက်ရှိပါသည်။

02

Formwork Scaffolding

支保工

Formwork scaffolding လုပ်ငန်းသည် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများ ၊ ဥမင်လိုဏ်ခေါင်းများနှင့် တံတားများကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းများတွင် အထက်မှ သို့မဟုတ် ဘေးနှစ်ဖက်မှ ဝန်များကို ထောက်ကူရန်အတွက် အသုံးပြုသောယာယီငြမ်းများဖြစ်သည်။
ကျွန်ုပ်တို့၏ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အရေးကြီးသော Formwork ဆောက်လုပ်ရန်အတွက် အသုံးပြုသော Formwork Scaffold CAD Designများကို စံညွှန်းများနှင့်အညီတွက်ချက်မှုများဖြင့် ရေးဆွဲပေးလျက်ရှိပါသည်။

03

Foundation Scaffolding

地足場

မြေစိုက်ငြမ်းဆိုသည်မှာ မြေအောက်တွင် အဆောက်အဦးFoundation အား အထောက်အပံ့ပေးထားသော ငြမ်းအမျိုးအစားတစ်ခုဖြစ်သည်။ အုတ်မြစ်ချခြင်းလုပ်ငန်းဆောင်ရွက်ရန် ငြမ်းကိုအသုံးပြုသောအခါ မြေအောက်တန်းလွှာများ၏ အားဖြည့်အကန့်များ မြင့်မားလာလေ၊ ၎င်းတို့ကို ကျော်တက်ရန် ခက်ခဲလေဖြစ်သည်။ ထို့ကြောင့် ငြမ်းကို Ground Levelတွင် မကြာခဏ တပ်ဆင်ကြသည်။တည်ဆောက်မှုလုပ်ငန်းများ၏ အစောပိုင်းအဆင့်ဖြစ်သည့် အခြေခံအုတ်မြစ်လုပ်ငန်းဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့် သင့်လျော်သော Drawing ပြင်ဆင်မှုများ မရှိမဖြစ်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ကုမ္ပဏီသည် ဘေးကင်းလုံခြုံစေသော Foundation Scaffold CAD Designများကို စံညွှန်းများနှင့်အညီ တွက်ချက်မှုများဖြင့် ရေးဆွဲပေးလျက်ရှိပါသည်။

04

Road occupancy drawing

道路占用図

လမ်းပေါ်တွင်ငြမ်းဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အသုံးပြုမှုတစ်ခုခုပြုလုပ်ရန် လိုအပ်လျှင် လမ်းတည်နေရာနှင့်သက်ဆိုင်သည့်ဌာနတွင် လမ်းအသုံးပြုခွင့် လျှောက်ထားရယူရန်လိုအပ်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ရာတွင် လျှောက်ထားသောလျှောက်လွှာတွင် ပူးတွဲတင်ပြရန်ရေးဆွဲသောပုံကို 道路占用図面ဟုခေါ်ပါသည်။ တိကျသောစီမံကိန်းရေးဆွဲခြင်းနှင့် လုံခြုံသောလုပ်ငန်းခွင်ပတ်ဝန်းကျင်သည် ဆောက်လုပ်ရေးပရောဂျက်တစ်ခု၏အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ငြမ်းများအတွက် ရေးဆွဲရာတွင် ကျွမ်းကျင်သူများဖြစ်ပြီး သင့်ပရောဂျက်ကို ဘေးကင်းကင်းနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ကူညီပေးပါမည်။

05

Suspended scaffolding

吊足場

Suspended Scaffolding သည် အဆောက်အဦးများ၊ တံတားများတည်ဆောက်ရာတွင်ဖြစ်စေ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် မြေပြင်ပေါ်တွင် ပုံမှန်ငြမ်းတပ်ဆင်ရန် မဖြစ်နိုင်သည့်အခါတွင်ဖြစ်စေ အသုံးပြုတပ်ဆင်သော ငြမ်းဖြစ်သည်။ ထို့ကြောင့် ပုံမှန်ငြမ်းများနှင့်မတူဘဲ လေထဲတွင်အလျားလိုက် ချိတ်ဆွဲ၍ စုစည်းထားသောငြမ်းဖြစ်သည်။ ထို့ကြောင့် ၎င်းကိုတပ်ဆင်ရာတွင် ဘေးကင်းရေး လုပ်ငန်းစဥ်များကို အလွန်သတိထားရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ကုမ္ပဏီသည် ယုံကြည်စိတ်ချရသောနည်းပညာများအပြင် အသိပညာ၊ အတွေ့အကြုံများတို့ဖြင့် လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံစေသော Suspended Scaffold CAD Designများကို စံညွှန်းများနှင့်အညီတွက်ချက်မှုများဖြင့် ရေးဆွဲပေးလျက်ရှိပါသည်။

Our Scaffolding Drawing Sample

Why Choose Us

Safety First

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည် ကျွန်ုပ်တို့၏ပထမဦးစားပေးလုပ်ငန်းစဥ်ဖြစ်သည်။ လုပ်ငန်းခွင်မှလုပ်သားများနှင့် ပတ်ဝန်းကျင်ရှိလူများ၏ဘေးကင်းရေးကို အဓိကထည့်သွင်းစဥ်းစား၍ ဂျပန်နိုင်ငံဘေးအန္တရာယ်ကင်းရှင်းရေးစံညွှန်းနှင့်ကိုက်ညီစွာ ငြမ်းDesignများကိုရေးဆွဲပါသည်။

ထိရောက်မှုနှင့် အချိန်ကိုက်မှု

ထိရောက်သောdesignနှင့်ပရောဂျက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များသည်ငြမ်းများကိုအချိန်မီပို့ဆောင်ပေးကြောင်းသေချာစေပြီးသင့်ပရောဂျက်စီမံကိန်းများကိုလျင်မြန်စွာအကောင်အထည်ဖော်ရန်အထောက်အကူဖြစ်စေပါသည်။

Customized Solutions

ကျွန်ုပ်တို့သည် တသမတ်တည်းဖြစ်သောဝန်ဆောင်မှုသာပေးနိုင်သည်ကိုမဟုတ်ပါ။ ကျွန်ုပ်တို့သည် ငြမ်းDesignများကို သင့်ပရောဂျက်၏ သီးခြားလိုအပ်ချက်များနှင့်ကိုက်ညီရန်အတွက် သင့်စိတ်တိုင်းကျဖြစ်သည်အထိ တာဝန်ယူရေးဆွဲပေးမည်ဖြစ်ပါသည်။ ရိုးရှင်းသောလိုအပ်ချက်များမှစ၍ ရှုပ်ထွေးသောကိစ္စရပ်များအထိ ပြီးပြည့်စုံသောဖြေရှင်းချက်များဖြင့်ဖန်တီးရေးဆွဲပေးနိုင်ရန် အာမခံချက်အပြည့်အ၀ဖြင့်ဆောင်ရွက်ပေးနိုင်ပါသည်။

စည်းမျဥ်းစည်းကမ်း

လိုက်နာမှုနှင့် စည်းမျဉ်းများသည် ကျွန်ုပ်တို့ ငြမ်းဒီဇိုင်းကုမ္ပဏီ၏ အဓိကအချက်ဖြစ်သည်။ ကျွန်ုပ်တို့၏အဖွဲ့သည် ဂျပန်ဘေးကင်းရေးစည်းမျဉ်းများနှင့် စက်မှုလုပ်ငန်းစံနှုန်းများကို လေးနက်စွာနားလည်သဘောပေါက်ထားပါသည်။ ထို့ကြောင့် အန္တရာယ်များကို လျှော့ချပေးပြီး ဂျပန်ဥပဒေများ၊ စံနှုန်းများနှင့်အညီ သင့်ပရောဂျက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် သေချာစေပါသည်။

သင်ယုံကြည်နိုင်သောကျွမ်းကျင်မှု

နှစ်ပေါင်းများစွာအတွေ့အကြုံရှိသော ကျွန်ုပ်တို့၏အဖွဲ့သည် သင့်ပရောဂျက်ကိုကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ နောက်ဆုံးပေါ်နည်းပညာဖြင့် အကောင်းဆုံးဖြေရှင်းချက်များနှင့်အတူ ဝန်ဆောင်မှုပေးနေပါသည်။