NEWS

O-Technique International Myanmar Co.,Ltd
2023-11-18

O-Technique Myanmar မိသားစု ကထိန်

O-technique International Myanmar မှ ဝန်ထမ်းမိသားစုများ နှင့် IT Boot Camp (Batch-1) မှ ကျောင်းသား ကျောင်းသူများစုပေါင်း၍ ပဒေသာပင် ၊ သင်္ကန်း ပရိက္ခရာ၊ အခြား လှူဖွယ်ပစ္စည်းများကို ကျောက်ဘုရားတောရ ကျောင်းတိုက် ကထိန်အလှူအဖြစ် ပါဝင်ကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။ ကျွန်တောိတို့ O-Technique Myanmar မိသားစုနှင့်အတူ အားလုံးလည်း ကုသိုလ်ထပ်တူရကြပါစေခင်ဗျာ။

O-Technique International Myanmar Co.,Ltd
2023-10-02

Full stack Developer Batch -1 Boot Camp ဖွင့်လှစ်ခြင်း

2023 Oct 2ရက်နေ့ တွင် O-Technique International Myanmar System Solution မှ Full stack Developer Batch -1 Boot camp ကို ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာလူငယ် IT ပညာရှင်များ ၊ IT ကိုဝါသနာပါသော လူငယ်များ ၊ Japan နိုင်ငံသို့ IT Engineer တစ်ယောက်အနေဖြင့် သွားရောက် လုပ်ကိုင်လိုသူများ ၊ IT ဘက်ကို Career Change လုပ်ကိုင်ချင်သူများ ၊ Full Stack Developer အဖြစ်ရပ်တည်ချင်သူများအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သော သင်တန်းတစ်ခုဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက <a href="https://www.facebook.com/OTechniqueMM" target="_blank">O-Technique International Myanmar Facebook Page </a> နှင့် <a href="http://otech-mm.o-technique.org/training" > IT and Japanese Professional Training Center </a>တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

O-Technique International Myanmar Co.,Ltd
2023-08-01

IT and Japanese Professional Training Center ဖွင့်လှစ်ခြင်းအခမ်းအနား

2023 August 1ရက်နေ့ တွင် O-Technique International Myanmar မှ Japan နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ ကောင်းမွန်သော သင်ကြားမှုများရရှိစေရန် နှင့် အရည်ချင်းပြည့်ဝသော Engineerများ ဖြစ်လာစေရန် IT and Japanese Professional Training Centerကို ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းနှင့်ပတ်သက်သော အကြောင်းအရာများနှင့် မြန်မာလူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းကို ဆွေးနွေးခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။

O-Technique International Myanmar Co.,Ltd
2023-07-25

Software House နှင့်အတူ IT and Japanese Professional Training Center ဖွင့်လှစ်ရန် သီတာစျေးမှတ်တိုင်ရှေ့သို့ ရုံးခန်းပြောင်းရွှေ့ခြင်း

ကျွန်တော်တို့ O Technique International Myanmar Company ၏ Software house နှင့်IT and Japanese Professional Training Center ဖွင့်လှစ်ရန် သီတာစျေးမှတ်တိုင်ရှေ့သို့ 24 July 2023 တွင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ ၎င်းနေ့တွင် သံဃာတော်များပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ရုံးခန်းပြောင်းရွှေ့ရာတွင် စုပေါင်းလုပ်ကိုင်ခဲ့ကြသော O-Technique International Myanmarမှ တစ်ဉီးတစ်ယောက်ချင်းနှင့် ကြွရောက်လာသောဧည့်သည်များကို အထူး ကျေဇူးတင်ပါသည်။

O-Technique International Myanmar Co.,Ltd
2023-03-25

O-Technique International Myanmar မိသားစု ကုမ္ပဏီခရီးသွားခြင်း အမှတ်တရ

2023 March 25 ရက်နေ့ တွင် O-Technique International Myanmar မိသားစုမှ ချောင်းသာသို့ ၂ညအိပ် ၃ရက် ကုမ္ပဏီခရီးထွက်ခဲ့ကြပါတယ်။ 25 ရက်နေ့ညနေပိုင်း ကုမ္ပဏီညစာစားပွဲကို ကျင်းပခဲ့ပါသည်။26 ရက်နေ့မနက်ပိုင်းတွင် Sea & Lake Garden သို့ လည်ပတ်ခဲ့ကြပြီး Game ကစားခြင်းများပြုလုပ်၍ ပိုမိုနွေးထွေးသောဆက်ဆံရေးကို ရရှိခဲ့ကြပါသည်။ နောင်နှစ်များတွင်လည်း ကျွန်တော်တို့ O-Technique International Myanmar မိသားစုမှ ပိုမိုကောင်းမွန်သော ခရီးစဉ်သစ်များနှင့် ပျော်ရွင်စရာများ ဖန်တီးရန်မျှော်လင့်ပါသည်။

O-Technique International Myanmar Co.,Ltd
2021-04-20

20-April-2021 Kenkou kanri Phase 1 Press Release

ကျွန်ုပ်တို့၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Japan နိုင်ငံအခြေစိုက် Growth Change Company မှ Construction management System တခုဖြစ်သော KANKOU KANRI ကို Japan နိုင်ငံ Nagoya မြို့ Aichi ခရိုင် Inazawa မြို့တွင် press release သတင်းစာရှင်းလင်းပွဲကို 20 April 2021တွင် ပြုလုပ်ခဲ့ပါသည်။ KANKOU KANRI သည် Japan နိုင်ငံ ဆောက်လုပ်ရေးလောကအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ O Technique International Myanmar Company မှ မြန်မာ developer များနှင့် Japan နိုင်ငံ Growth change Company မှ ဒီဇိုင်းပညာရှင်များ ပူးပေါင်း ဖန်တီးရေဆွဲထားသော Construction Management System တခုဖြစ်သည်။ ၎င်း System တွင် Site များကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း၊ အလုပ်သမား တဦးချင်းစီအတွက် daily route၊ report များကို စီမံနိင်ရုံသာမက Site တခုလုံး၏ ဓာတ်ပုံများ နှင့် စာရွက်စာတမ်းများ၊ site တည်နေရာများကိုပါ လွယ်ကူလျှင်မြန်စွာ ကြည့်ရှုနိုင်ခြင်း၊ site ပြီးစီးမှု အခြေအနေများကိုပါ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားသောကြောင့် Construction လောကအတွက် အသုံး၀င်သော System တခုဖြစ်ပါသည်။ <a href="https://play.google.com/store/apps/details?id=com.k2_app" target="_blank">Android Link</a> <a href="https://apps.apple.com/jp/app/%E5%BB%BA%E5%B7%A5%E7%AE%A1%E7%90%86/id1639661975" target="_blank">IOS Link</a>